အလွန်ပေါင်းရသင်းရခက်တဲ့ လူ့ကန့်လန့် လူ့ခွစာများနှင့် စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးမှာ ဆက်ဆံပေါင်းသင်းကြဖူးပါလိမ့်မည်။ ပေါင်းသင်းရခက်တဲ့လူ ၁၂ မျိုးရှိပါသတဲ့။ သူတို့တွေနဲ့ အတတ်နိုင်ဆုံး အဆင်ပြေအောင်၊ ဘယ်လိုတုံ့ပြန်ရမလဲဆိုတာရော ကိုယ်ကိုတိုင်ရောသိရှိရအောင် မှတ်သားထားတာလေးပါရှင်။
ပထမအမျိုးအစား။ ။ အတ္တဆန်တယ်၊ သူ့ကိုယ်ကလွဲရင် တစ်ပါးသူရဲ့ခံစားချက်၊ သဘောထား ဘာတစ်ခုကိုမှ စိတ်မ၀င်းစားဘူး၊ လူမျာကြားမှာ သူ့ကိုယ်သူအမွှန်းတင်တတ်ပြီး ကျန်တဲ့သူကို ပုတ်ခတ်သောသူ၊ထိုသူတို့အတွက် အတ္တကြီးတဲ့သူဖြစ်တဲ့အတွက် သူတို့နဲ့ပြောတဲ့အခါ သူတို့အတ္တကို မထိခိုက်အောင်ပြောပေးရမယ်။ ပထမဆုံးသူနဲ့ ရက်ချိန်းတောင်းလိုက်ပါ။ ဘာ့ကြောင့် ကိုယ့်အကြောင်းမကောင်းကြောင်း ပြောရတာ ကိုဖွင့်မေးလိုက် ပါတဲ့။ '' ခင်ဗျားဒီလိုလုပ်တာ ကျွန်တော့အတွက်တော့ ကိစ္စမရှိပေမဲ့ သူများနဲ့ဆိုရင်တော့ မကောင်းလှဘူး။ ဒါ့ကြောင့်ဒီအကျင့်လေးကိုပြင်သင့် ပါတယ်။ ကျွန်တော်လည်း ကူညီပါ့မယ်လို့'' အပြု သဘောနဲ့ပြောမယ်ဆိုရင် အဲဒီလူဟာ ဘယ်လောက်အတ္တကြီးတဲ့ပဲဆိုဆို '' သြော်........ဒီလူဟာ ငါ့ကို စေတနာရှိသားပဲ'' ဆိုတဲ့အတွေး ၀င်လာနိုင်ပါတယ်တဲ့။
Thursday, January 10, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment