Sunday, July 13, 2008

မှတ်သားမိခဲ့သော စာတိုစာထွာလေးများ

သတ္တိ
နှလုံးရဲခက်စေ
စကားထက်မြက်စေ။

ကန်တော်မင်ကျောင်းဆရာတော်


"လောကတွင် မည်သူ၏ စော်ကားခြင်းကို မခံဟူသော
စိတ်သည် လုံခြုံသော စိတ်ဖြစ်၏။''

ပီမိုးနင်း




''စိုက်ပါစားပါ အရသာ၊ တူတာမရှိ မြတ်ပီတိ''

Thursday, July 10, 2008

မာတာမိခင်ကျေးဇူးရှင်


Mothers

One afternoon a man came home from work to find total mayhem in his house. His three children were outside, still in their pajamas, playing in the mud, with empty food boxes and wrappers strewn all around the front yard.

The door of his wife's car was open, as was the front door to the house. Proceeding into the entry, he found an even bigger mess. A lamp had been knocked over, and the throw rug was wadded against one wall. In the front room the TV was loudly blaring a cartoon channel, and the family room was strewn with toys and various items of clothing. In the kitchen, dishes filled the sink, breakfast food was spilled on the counter, dog food was spilled on the floor, a broken glass lay under the table, and a small pile of sand was spread by the back door. He quickly headed up the stairs, stepping over toys and more piles of clothes, looking for his wife. He was worried she may be ill, or that something serious had happened. He found her lounging in the bedroom, still curled in the bed in her pajamas, reading a novel. She looked up at him, smiled, and asked how his day went. He looked at her bewildered and asked, "What happened here today?" She again smiled and answered, "You know every day when you come home from work and ask me what in the world I did today?" "Yes" was his incredulous reply. She answered, "Well, today I didn't do it."

Tuesday, July 8, 2008

ဖျာပုံမြို့၊ လက်ပန်ရွာသို့တစ်ခေါက်

ရောက်ခဲ့တဲ့ ရွာကဆိုင်းဘုတ်ကို ဘုန်းတော်ကြီးကျောင်းမှာ ဒီလိုတွေ့ခဲ့ရပါတယ်

လှူဒါန်းခဲ့တဲ့ စာရေးကိရိယာ အချို့ပါ

အပြန်ကို ဖူးမျှော်ခဲ့တဲ့ ဖျာပုံမြို့ပေါ်က ရွှေနက်ကူဘုရားပုံပါ



ကျမတို့အဖွဲ့ဟာ သွားရောက်လှူဒါန်းဖို့ စီစဉ်ခဲ့တာ အရင်တစ်ပတ်ကတည်းကပါ။ သွားကြတဲ့ရက်ကတော့ ၂၉.၆.၂၀၀၈ ရက်နေ့ပါ။ ည၂နာရီခွဲမှာ အိပ်ရာမှ ထလို့ လူစုထားတဲ့ နေရာကို ၄နာရီအရောက်သွားခဲ့ပါတယ်။ လူစုံတာနဲ့ အထုပ်အပိုးများ၊ လှူဖွယ်ပစ္စည်းများကို ကားပေါ်မှာ တင်ဆောင်ပြီး နံနက် ၆နာရီခွဲမှာ ရန်ကုန်ကနေ ထွက်ခွာခဲ့ပါတယ်။ ခေါင်းခန်းမှာ ဦးပဇင်း နှစ်ပါးလည်း လိုက်ပါလာပါတယ်။ လှိုင်သာယာ ဘုရင့်နောင်တံတားမှ ဖြတ်လို့ ရန်ကုန်မြို့မှ ထွက်ခွာတော့ ရာသီဥတုက မိုးဖျောက်တောက် ဖျောက်တောက်ပေါ့။ ပြီးရင် သည်းလိုက် ပြန်တိပ်လိုက်ပါ။ အဲဒီ့နောက်မှာ တောင်ပိုင်းခရိုင် ဖြစ်တဲ့ ကော့မှူး၊ ကွမ်းခြံကုန်း မြို့တို့ကို ဖြတ်ကျော်ခဲ့ပါတယ်။ လမ်းခရီးတစ်လျှောက်မှာ တော့ အိမ်တော်တော်များများက ပြန်လည်ပြင်ဆင်ထားပြီး တန်ဖိုးနည်းအိမ်ရာများကို ဆောက်လုပ်ထားတာ တွေ့ခဲ့ပါတယ်။ ဒေးဒရဲမြို့ကို ဖြတ်တော့ စက်မှု(၁)ကနေ ဖွင့်လှစ်ထားတဲ့ ၀င်းသူဇာအရောင်းဆိုင်တွေကို လည်း တွေ့ခဲ့ရပါတယ်။ လမ်းတံတား အပိုင်းစစ်ဆေးမှုများကတော့ လူဘယ်နှစ်ယောက်ပါလ၊ လှူဖွယ် ပစ္စည်းခန့်မှန်း တန်ဖိုးကို သာ ပြောရုံပါဘဲ၊ လွယ်လွယ်ကူကူပါဘဲ။
အဲဒီနောက် ကျမတို့ဟာ ဖျာပုံတံတားကို ၁၀နာရီ ၀န်းကျင်မှာ ရောက်ရှိလာပါတယ်။ မြို့ရောက်တော့ စခန်းမှာ မလေးရှား အလှူအဖွဲ့ ရောက်နေတာကို ကားပေါ်မှ တွေ့ခဲ့ရပါတယ်။ ဖျာပုံဈေးထဲမှာတော့ ရောင်းသူ၊ ၀ယ်သူ နဲ့ စည်ကားနေပါတယ်။ ဘုန်းကြီးကျောင်းအချို့မှာ ပျက်စီးနေပါတယ်။ မြို့ပေါ်ကအိမ်တွေကတော့ တိုက်တာကို အများဆုံးတွေ့ရပါတယ်၊ အိမ်တွေက အများစု ကျွန်းသား အိမ်သန့်သန့်လေးတွေကို တွေ့ရပါတယ်။ ဆိုင်ကယ် ၊ ဆိုက်က္ကား၊ ကားများနဲ့ စည်ကားနေတာ ပဲခူးမြို့နယ်နဲ့တောင် ဆင်တူတယ်လို့ မှတ်ချက်ချခဲ့ပါသေးတယ်။ ကျမတို့အဖွဲ့ဟာ မြို့ခံအိမ်တစ်အိမ်မှာ ကိုယ်လက် သန့်စင်ပြီး ထပ်မံ ခရီး ထွက်ခဲ့ပါတယ်။ ကျမတို့ သွားရောက်လှူဒါန်းမည့် လက်ပန်ရွာသို့ ရောက်ရန် အတွက် စက်လှေအသေးနှစ်စင်းကို ငှားပြီး တော့ ဆက်လက် ထွက်ခွာလာပါတယ်။ လှေပေါ်မှာ မေတ္တာသုတ်၊ မေတ္တာပို့ပြီး ပြီးတော့ နောက်မိနစ်၂၀ ကြာတော့ ကျမတို့ လှူးဒါန်းမည့်ရွာ လက်ပံရွာသို့ ၁၁နာရီ မိနစ် လေးဆယ်မှာ ချောချောမွေ့မွေ့ရောက်ရှိခဲ့ပါတယ်။ မြစ်ကမ်းနားမှာ တည်ရှိတဲ့ လက်ပန်ဘုန်းတော်ကြီးကျောင်းမှာ လှူဖွယ် ပစ္စည်းများကို ချ ၊ အထုပ်အပိုးတွေယူဆောင်ပြီး ကျောင်းသို့ ရောက်လာပါတော့တယ်။ လိုက်ပါလာတဲ့ ကိုယ်တော်များကို ဆွမ်းကပ်ပြီး ကျမတို့လည်း အသင့်ပါလာတဲ့ နေ့လည်စာ သုတ်သုတ်စားခဲ့ပါတယ်။ ကျောင်းပေါ်မှာ ကလေးများ အယောက် နှစ်ရာကျော်က နေရာယူထားပြီးဖြစ်ပါတယ်။ ကျောင်းပေါ်ကို တက်ရောက်ပြီး ဆရာတော်ထံမှာ ငါးပါးသီလခံ၊ ရေစက်ချခဲ့ပါတယ်၊ ဒီကျောင်းတော်မှာဘဲ ကလေးများ အတန်းလိုက် စာသင်ကြားကြခြင်းလည်းဖြစ်ပါတယ်။
အသင့်ပါလာတဲ့ သင်ရိုးစာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်းသုံး ပစ္စ့ည်းကိရိယာများ၊အားလုံးကို ခွဲတန်းချစနစ်ဖြင့် သက်ဆိုင်ရာဆရာမများထံသို့ လွှဲပြောင်းပေးပြီး တော့၊ သန့်လေးသန့် ကျန်းမာရေးအစီအစဉ်ကို လည်း ဆောင်ရွက်ခဲ့ပါတယ်။ ဒါကိုတော့ ဦးဆောင်သူက မအိပါ( သူက ကျန်းမာရေးစီမံချက် အရာရှိ) ပါ။ တစ်လက်စတည်းမှာဘဲ ကလေးများကို ကျန်းမာရေးဗဟုသုတများကို ပြောကြားပြီး မေးခွန်းမေး၊ ဆုပေးအစီအစဉ်ကို ပါ ဆောင်ရွက်ခဲ့ပါတယ်။ ကလေးများ ကောင်းစွာဖြေကြားနိုင်ပါတယ်။ တွေ့ခဲ့ရတဲ့ မြစ်ကမ်းပါးလျှောက်မှာ အိမ်သာများက လုံသုံးလုံနဲ့ မကိုက်ညီပါဘူး၊ လုံ သုံးလုံက
၁။ အနံ့လုံ
၂။ ယင်လုံနဲ့
၃။အရှက်လုံ အောင်ဆောက်ထားတာ မတွေ့ရလို့ ပညာပေးအစီအစဉ်ကို ရုတ်တရက် ထည့်သွင်းလိုက်ပါတယ်။ ပျော်ရွှင်စရာကောင်းခဲ့တာက လှူဒါန်းအပြီး မပြန်ခင်မှာ ကလေးများအားလုံးမှ ကျမတို့ရဲ့အလှူကို လက်ခံရယူခြင်းပါ။ မျက်ရည်တောင်လည်ခဲ့မိပါတယ်။ ရင်ထဲမှာလည်း သာဓု အကြိမ်ကြိမ်ခေါ်ခဲ့မိပါသေးတယ်။ ငွေသားကို ထပ်မံလှူပြီး ဆရာတော်ကို ဦးချ အပြီးမှာတော့ ပြန်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ ရိုးသားတဲ့ ရွာသူရွာသားများရဲ့ အပြုံးကလည်း မမေ့စရာပါ။ ပြန်ခဲ့ပါပြီ လက်ပံရွာမှ၊ ဂဏန်းပြုတ်များကို ကြွပ်ကြွပ်အိတ်နဲ့လည်း ထည့်ပေးလိုက်ပါသေးတယ်။ မစန္ဒီကတော့ ဂဏန်းများကို လှေပေါ်မှာ စားတော့ မြို့ပေါ်က စည်းစိမ်နဲ့ မလဲနိုင်ပေါင်တဲ့။ ကျမကတော့ မကြိုက်လို့ မစားပါဘူး။ လှေက အပြန်ခရီးမှာ ရပ်လိုက်နားလိုက်နဲ့ နောက်ဆုံးမှာတော့ အဆင်ပြေသွားပါတယ်၊ အပြန်ဖျာပုံမြို့က ရွှေနတ်ကူဘုရား ကိုဝင်ဖူးခဲ့ပါသေးတယ်။ အပြန်ခရီးကတော့ ၀မ်းမြောက်စွာနဲ့ ပေါ့။ အိမ်ကို ည ၉နာရီ ခွဲမှာဘဲ အောင်မြင်ချောမွေ့စွာ ရောက်ရှိခဲ့ပါတယ်။

'' အလှူကို နတ်၊ လူ သာဓု ခေါ်နိုင်ပါစေရန် ဝေမျှခြင်းသာ ဖြစ်ပါကြောင်း ''

ရွှေတိဂုံစေတီတော်၏ စိန်ဖူးတော်

အမြင့် - ၁ပေ၁၀လက္မ
အချင်း - ၁၀.၅ လက္မ
အ၀န်း - ၃၁.၄လက္မ
စိန်အလုံးရေ - ၄၃၅၁
ကာရက်အချိန် - ၁၈၀၀(ရတီ)
အခြားကျောက်မျက် - ၉၃
စိန်ဖူးထိပ်ရှိစိန်ကြီး - ၇၆ ကာရက်(၈၃ ရတီကျော်)

Monday, July 7, 2008

ပညာရှိစကားအား ဆက်လက်မှတ်သားခဲ့ခြင်း

Gifted men seized time and work as their opportunity. They make them great and grand.

လူစွမ်းကောင်းတို့သည် အချိန်နှင့် အလုပ်ကို သူတို့၏ အခွင့်အရေးအဖြစ် တိတိကျကျ မိမိရရ ရယူလိုက်ကြသည်။ သူတို့သည် အချိန်နှင့် အလုပ်ကို ကြီးကျယ် ခမ်းနားအောင် ပြုလုပ် ဖန်တီး လိုက်ကြသည်။

ကမ္ဘာမှာ လူမှတစ်ပါး ကြီးကျယ်သည့် အရာဝတ္ထု ဘာမှ မရှိ။ လူမှာလည်း သီလနှင့် ပညာမှ တစ်ပါး ကြီးကျယ်သော အရာဝတ္ထု ဘာမျှမရှိ။

သီတဂူဆရာတော်

သီတဂူဆရာတော်၏ မှတ်သားဖွယ်ရာ စကားပဒေသာ

ကိုယ်ကျင့်တရားသည် လူတို့၏ခြေထောက်၊ ပညာသည် လူတို့၏ မျက်လုံး၊ ကိုယ်ကျင့်တရားသည် လွတ်မြောက်ရာ တံခါးပေါက်ဆီသို့ ပို့ဆောင်ပေးသည့် ယာဉ်နှင့် တူမြောက်ရာ တံခါးပေါက်ဆီသို့ ပို့ဆောင်ပေးသည့် ယာဉ်နှင့် တူသည့် ပညာသည် ထွက်မြောက်ရာ တံခါးပေါက်ကို ဖွင့်သော သော့နှင့်တူ၏။

ိVirtue and wisdom could also be compared to the eyes and the feet of a man. Virtue is like vehicle that brings man up to the gate of salvation, but the actual key that opens the gate is wisdom.

သီတဂူဆရာတော်

Thursday, July 3, 2008

Give to the World (သင်ပြုသည့်ကံ )

Give to the World the best you have,
And the best will come back to you.

သင်ပြုသည့်ကံ

သင်ပြုသည့်ကံ ပဲ့တင်သံ
သင့်ထံပြန်လာမည်။
သင်တန်းမှာ ဆရာတစ်ဦး ပြောသွားတာကို သတိရနေမိပါတယ်။

သိမှတ် ခဲ့သော ၀ိနည်းတော်လာ ပရိက္ခရာ(၈)ပါး

၁။ သင်းပိုင်
၂။ ဧကသီ
၃။ ဒုကုဌ်
၎။ ခါးပန်းကြိုး
၅။ သပိတ်
၆။ သင်တုံးဓား
ရ။ အပ်+ချည်
၈။ ရေစစ်တို့ပါကြောင်းကို သိရှိခဲ့ရပါတယ်။

သိခဲ့ရသော ရှင်ပြုနိုင်သည့် အရွယ်အကြောင်း

အသက်တစ်ဆယ့်ငါးနှစ်ပြည့်သူ့ကိုသာ ရှင်ပြုပေးရန် ဘုရားရှင်မှ မိန့်ဆိုတော်မူကြောင်း ၀ိနည်းမဟာဝါ ပါဌိတော်တွင် ပါရှိကြောင်း မှတ်သားခဲ့ရပါတယ်။ သို့ရာတွင် မိဘများကွယ်လွန်သွားသဖြင့် ခိုကိုးရာမဲ့နေသော ကလေးငယ်နှစ်ဦးကို သာသနာ့ဘောင်အတွင်းသို့ သွတ်သွင်းချင်လို့ ညီတော် အာနန္ဒာမထေင်္ရက ဘုရားရှင်ထံလျှောက်ထားသောအခါ အသက်တစ်ဆယ့် ငါးနှစ် မပြည့်သေးသော်လည်း မိမိရှေ့တွင် ချထားသော ဆွမ်းကို ကျီးမလာအောင် ခြောက်လှန့်နိုင်ခဲ့လျှင် ဒီသူငယ်အား ရှင်ပြုပေးနိုင်တယ်လို့ ထပ်ဆင့် သတ်မှတ်တော်မူခဲ့ပါတယ်။

ဇောတိသင်္ကန်းဝယ်တော့ တွေ့ခဲ့ရသည့် ရှင်ပြုနိုင်သည့် အရွယ် အကြောင်းကို ထပ်မံ ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။

ရှင်ပြုရာတွင် အဓိက လုပ်ရသည့် လုပ်ငန်းကြီး (၃)

၁။ ဆံရိတ်ခြင်း( ၀ါ ) ဆံချခြင်း
၂။ သင်္ကန်းဆီးခြင်း
၃။ သရဏံဂုဏ်ဆောက်တည်ခြင်း တို့ဘဲဖြစ်ပါတယ်။

Wednesday, July 2, 2008

ဘာသာအယူဝါဒစစ်တမ်း

ဘာသာဝါဒ၊ မတူကြလို့ လောကအတွင်း ငြင်းခုံခြင်းဖြင့်၊ ဆင်းရဲဒုက္ခ၊ ရောကုန်ကြ၏။ ၀ါဒအယူ၊ မှားခဲ့မူကား၊ ဆူဆူမြတ်စွာဘုရား ကယ်မရသည့်၊ လေးဝပယ်ဘုံ၊ ဘေးတွေ့ကြုံလိမ့်၊ စေ့စုံဥာဏ်ဖြင့်၊ မြှော်ထောက်ချင့်ကာ-

၁။ တစ်ဆင့်ကြားသိ၊
၂။ မရိုးဖလာ၊
၃။ ကောလဟာလ၊
၎။ ကျမ်းစာမျှနှင့်
၅/၆။ ကြံဆ၊ နည်းမှီ၊
ရ။ ဆီလျော်သုံးသပ်၊
၈။ ယူချင်းထပ်လို့၊
၉။ ယုံအပ်သူပဲ၊
၁၀။ဆရာစွဲဖြင့် ၊
လွှဲပုံ့စိတ်ချ၊ မယူကြလင့်၊ ဒိဌကျင့်ကြံ၊ ကိုယ်ပိုင်ဥာဏ်ဖြင့်၊ မှားမှန်ကောင်းစွာ၊ သိအောင်ကြိုး-ဟု မျိုးကာလာမ၊ ဟောညွှန်ပြ၊ ၀ါဒအယူစစ်တမ်းပေ။

Tuesday, March 11, 2008

A Story of Four Men

There is a story about four men named
Eveybody,
Somebody,
Aybody, and
Nobody.

There was an important job to be done, and
Everybody was asked to do it.

Everybody was sure that Somebody would do it.

Anybody could have done it but Nobody did it.

Somebody got angry about that, because it was Everybody's job.

Everybody thought that Anybody could do it, and Nobody realized that Everybody wouldn't do it.

It ended up that Everybody blamed Somebody, when actually Nobdy did what. Nobody could have done it.

From MOFA Magazine of the year 2000