Wednesday, July 2, 2008

ဘာသာအယူဝါဒစစ်တမ်း

ဘာသာဝါဒ၊ မတူကြလို့ လောကအတွင်း ငြင်းခုံခြင်းဖြင့်၊ ဆင်းရဲဒုက္ခ၊ ရောကုန်ကြ၏။ ၀ါဒအယူ၊ မှားခဲ့မူကား၊ ဆူဆူမြတ်စွာဘုရား ကယ်မရသည့်၊ လေးဝပယ်ဘုံ၊ ဘေးတွေ့ကြုံလိမ့်၊ စေ့စုံဥာဏ်ဖြင့်၊ မြှော်ထောက်ချင့်ကာ-

၁။ တစ်ဆင့်ကြားသိ၊
၂။ မရိုးဖလာ၊
၃။ ကောလဟာလ၊
၎။ ကျမ်းစာမျှနှင့်
၅/၆။ ကြံဆ၊ နည်းမှီ၊
ရ။ ဆီလျော်သုံးသပ်၊
၈။ ယူချင်းထပ်လို့၊
၉။ ယုံအပ်သူပဲ၊
၁၀။ဆရာစွဲဖြင့် ၊
လွှဲပုံ့စိတ်ချ၊ မယူကြလင့်၊ ဒိဌကျင့်ကြံ၊ ကိုယ်ပိုင်ဥာဏ်ဖြင့်၊ မှားမှန်ကောင်းစွာ၊ သိအောင်ကြိုး-ဟု မျိုးကာလာမ၊ ဟောညွှန်ပြ၊ ၀ါဒအယူစစ်တမ်းပေ။

No comments: